ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ လက်ဝယ်အရောက် စာအုပ် ငှားရမ်း ဖတ်ရှုနိုင်သည့် ဝန်ဆောင်မှုအနေဖြင့် Mobile Library လုပ်ငန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သုတ/ရသ စာအုပ်စာစောင် (၅၀)အုပ်အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်း ဖတ်ရှုလိုသူများအား အသင်းဝင်ကတ်ပြား များကို တစ်ပါတည်းရရှိစေရန် အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအတွက် အသိပညာ ဖြန့်ဖြူးပေးရာ ဌာန ဖြစ်သည့် အားလျော်စွာ မြို့နယ်ပြည်သူ့စာကြည့်တိုက်များမှ တစ်ဆင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း လုပ်ငန်းများအပြင် အဆိုပါ Mobile Library လုပ်ငန်းကိုလည်း လစဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)