ကျောက်တော်မြို့၌ အထူးဈေးရောင်းပွဲတော် စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ် ရောင်းချလျက်ရှိ

ကျောက်တော်  ဇန်နဝါရီ  ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ပေါ်၌ နယ်မြေဒေသ တည်ငြိမ် အေးချမ်းလာပြီဖြစ်၍  အထူးဈေးရောင်းပွဲတော်ကို ရွာမအလယ်စုရပ်ကွက်၌ (၁၆..၂၀၂၂)ရက်နေ့ ညနေ ()နာရီ မှ စတင်ကာ ရောင်ချနေပြီး  (၂၁..၂၀၂၂) ရက်နေ့အထိ () ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ အထူးဈေးရောင်းပွဲတော်ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ မြို့ပေါ်ရပ်ကွက်နေ မိဘပြည်သူ များအား နှာခေါင်းစည်း(Mask) တပ်ပြီးမှသာ လာရောက်ရန် ကြိုတင်အသိပေး ထားကြောင်း သိရသည်။

ထို့နောက် ဈေးဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးသည်များမှ  ကလေးကစားစရာ သေနတ်၊ အရုပ်၊ အဝတ် အထည်များနှင့် မိန်းခလေးများအတွက် မိတ်ကပ်မျိုးစုံ၊ နှုတ်ခမ်းနီ စသော အလှကုန်ပစ္စည်းမျိုးစုံကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိပြီးနောက် ကလေး ဆော့စရာများဖြစ်သည့် ပင်လယ်ဓါးမြ၊ အပျော်စီးလှေ၊ ခလေးစီးချားဝိုင်း၊ ပျော့ပျော့အိကစားကွင်း၊ အပျော်တမ်း ပူစီပေါင်းပစ်၊ အပျော် တမ်းဘောလုံးပစ်၊ အပျော်တမ်း တက္ကလပ်ဘောလုံးပစ်များဖြင့် ကလေးများဆော့ကစားစရာ ထားရှိကြောင်း အစားအသောက်များမှာလည်း ယိုးဒယားပေါက်ပေါက်၊  ယိုးဒယား မစ်ရှိတ်၊ ကိုးရီးယား ပင်လယ်အစားအစာ၊ ငုံးကြော်၊ ငုံးကလီစာကြော်၊ ဝက်သားတုတ်ထိုး၊ ရခိုင်မုန့်တီ များကို ရောင်းချပေးလျက်ရှိကြောင်း အိမ်အသုံးအဆောင်ပစ္စည်းနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဖြစ်သည့်  ထမင်းပေါင်းအိုး၊ မီးပူ () မိနစ်ရေအိုး၊ လျှပ်စစ်မီးဖို၊ စတီးချိုင့်၊ ဖျော်ရေစက်နှင့် ဖိုက်ဘာပစ္စည်း အမျိုးစုံတို့ကို ဈေးနှုန်းမှန်ကန် စွာဖြင့်ရောင်းချပေးလျက်ရှိကြောင်း  ရခိုင်ဒေသ ဖြစ်သည့်အတွက် ရခိုင့်ရိုးရာ ပုဆိုး၊ တိုက်ပုံအကျီနှင့် မိန်းခလေးများအတွက် ရခိုင်ချိတ်ထဘီများကိုပါ ရောင်းချပေးလျက်ရှိသည်။

ထို့နောက် မြို့ပေါ်ရပ်ကွက်တိုင်းမှ မိဘပြည်သူများနှင့် ကလေးသူငယ်များမှလည်း အထူးဈေးရောင်း ပွဲတော်သို့ သွားရောက်ကြပြီး အိမ်အသုံးအဆောင်ပစ္စည်းများ သွားရောက်ကာ ဝယ်ယူအားပေးလျက်ရှိကြောင်း  သိရသည်။

ခင်မေင်ထွန်း(ကျေက်တော်၊ ပြန်/ဆက်)