နောင်ချို ဇန်နဝါရီလ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာနန္ဒာမိုးကြယ်၏ *ကြွက်မလေးရဲ့ ဖြတ်ထိုးဉာဏ် ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများ နှင့်ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊သမီးငယ်လေးများအတွက် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက Oline မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက် အစီအစဉ် ၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ်၊ ကဗျာလေးတွေရွတ်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကိုစဉ်ဆက်မပြတ် နောင်ချိုပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊