ဆည်ကြီးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ကြက်အုပ်ချင်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

ရမည်းသင်း ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာတွင် တစ်ပိုင်တစ်နိုင် ကြက်အုပ်ချင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင် ပြေလျက်ရှိကြောင်းသိရသည်။

ကြက်အုပ်ချင်း ရက်ရာတွင် တင်းဝါးကိုသာအသုံပြုပြီး တင်းဝါးတစ်လုံးကို ဝါးသားထူရင် နှစ်လုံးရကာ ဝါးသားပါးရင် ကြက်အုပ်ချင်း တစ်လုံးခွဲရကြောင်း ကုန်ကျစရိတ်အနေနဲ့ ဝါးတစ်လုံး ကို(၅၀၀)ရှိကြောင်း တစ်ရက်ကို နှစ်ယောက် ရက်လုပ်ရင် ကြက်အုပ်ချင်း (၁၅)လုံးပြီးကာ ကြက်အုပ် ချင်းတစ်လုံးကို (၁၅၀၀)ကျပ် ရရှိကြောင်း ကြက်အုပ်ချင်းလုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ညွန့်ထံက သိရသည်။

ကြက်အုပ်ချင်းများကို ဖောက်သယ်သွင်းရင် တစ်လုံးကို (၁၄၀၀)နဲသွင်းရကာ  (၅)ရက်တစ်ပတ်ကို ပုံမှန်လုပ်ရင် အလုံး(၆၀)လောက်ပြီးတယ် ဝါတွင်းကာလ လေးပဲ အရောင်းအဝယ်အေးတယ် ယခုအချိန်တွေက အရောင်းအဝယ်သွက်တယ် အော်ဒါရှိရင်ရှိသလိုရက်လုပ်ပေးရခြင်းကြောင့် မိသားစုစားဝတ်နေရေးကို အထောက်အကူ ပေးလျက်ရှိကြောင်း  သိရသည်။

ခရိုင်ပြန်/ဆက်(ရမည်းသင်း)