ကွန်ဟိန်းမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း  ဇန်နဝါရီ  ၁၈

 ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးအသိ ညာပေး ဟောပြောပွဲအား ယနေ့နံနက်(၉:၃၀)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများအား ဟောပြောခဲ့ပါသည်။

အဆိုပါဟာပြောပွဲအား ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွါးလာစေရန်၊ စာဖတ်သည့် အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား /ကျောင်းသူ  (၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်