ဒဂုံအရှေ့ ဇန်နဝါရီ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် လျော့ကျစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်(Covishield)ကာကွယ်ဆေးထိုးနှံသူစုစုပေါင်း(၁၃၂)ဦး၊ ဒုတိယအကြိမ်(Sinovac) ကာကွယ်ဆေး ထိုးနှံသူ(၇၈၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုရပ်နေရာဖြစ်သော ဒေသန္တရ ကျန်းမာရေးဌာနတွင် စုစုပေါင်းပြည်သူ(၉၁၂)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရာနေရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များက ဆေးထိုးလာသူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၉နာရီမှ ညနေ ၃နာရီထိ နေ့စဉ်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အေးမဉ္ဇူ