သံဖြူဇရပ်မြို့နယ်၌ “ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

သံဖြူဇရပ်     ဇန်နဝါရီ    ၁၈


ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍  မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    လူထုအခြေပြုဗဟိုဌာန  (Community   Centre) ခန်းမ တွင်   ယနေ့ နံနက်  ၁၁ နာရီက စာ​ပေချစ်မြတ်နိုးသူများအသင်း (Book Club ) အဖွဲ့ဝင်များ နှင့် ပူးပေါင်းပြီး စာရေးဆရာအောင်သင်း ရေးသားသည့်  " ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ" စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးက  စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်၏ အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍     Book Club   အဖွဲ့ဝင် မမို့မို့​အောင်နှင့် မောင်စိုးဝင်းတို့က  ဦးဆောင်ဆွေးနွေး ခဲ့ကြပြီး  တက်ရောက်လာကြသည့်   အဖွဲ့ဝင်များကစာအုပ်ပါ အကြောင်းအရာ များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ ကိုဆောင်ရွက် ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန်၊စာပေမှရရှိသည့် အသိပညာဖြင့် သူတပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။


အေးအေးမွန်(ပြန်ဆက်)