ပုသိမ်ကြီး ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်၏ Door to Doorစနစ်ဖြင့် ဇန်နဝါရီ ၈ ရက်နေ့ မှစ၍ ပြည်သူများ လိုအပ်သည်များကို မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်၏ door to door စနစ်ဖြင့် မန္တလေးခရိုင်၌ ပုသိမ်ကြီးမြို့နယ် သည် ပထမဆုံး ဆောင်ရွက်ပေး လျက်ရှိပြီး၊ မြို့နယ်အတွင်း ဇန်နဝါရီ ၈ရက်နေ့ကစ၍ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံချက်ဖြင့်ဆောင်ရွက်ပေးမည့် ဦးရေ (၁၃၂၂၈) ဦးလျာထားကာ ယနေ့အထိ ဆောင်ရွက်ပြီးစီးမှုမှာ (၈၀၇၇) ဦး၊ ပြီးစီးမှုရာခိုင်နှုန်း (၆၁.၀၅)၊ ဆောင်ရွက်ရန် ကျန်ရှိသူ (၅၀၀၀) ခန့်အား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်ရုံးထံမှ သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း ပန်းခင်းစီမံချက်အရ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးသလို မြို့နယ်ရုံး၌လည်း ပြည်သူများ လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းနှင့် အခြား လိုအပ်သည်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကွင်းဆင်း ဆောင်ရွက်ပေးသည့်အတွက် ပြည်သူများအနေဖြင့် ကျေးရွာတွင်သာ ဆောင်ရွက်ရ၍ အချိန်ကုန်ငွေကုန် သက်သာ၍ ပိုမိုအဆင်ပြေပြီး၊ မြို့နယ်ရုံးအနေဖြင့်လည်း ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း လက်ထောက်မြို့နယ် မှူး ဦးမျိုးဝင်းကြိုင်ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)