မိုးကောင်း ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမ၌ စာရေးဆရာတက်တိုးရေးသားထားသည့် လောကနီတိ စာအုပ်ဖြင့် ယနေ့နံနက် (၁၀)နာရီခွဲတွင် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် လောကနီတိစာအုပ်မှ “ပဏ္ဍိတကဏ္ဍ ပညာရှိတို့ကိုဆိုလိုရာ” ခေါင်းစဉ်ဖြင့် ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နီနီလွင်မှ လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အိအိဖြိုးမှ “သဇနကဏ္ဍ လူကောင်းတို့ကိုဆိုလိုရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုပ်/သံကျွမ်းကျင်-၃ ဒေါ်ခင်ဇာလီခိုင်မှ “ဗာလဒုဇနကဏ္ဍ လူမိုက်သူယုတ်တို့ကိုဆိုလိုရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓါတ်ပုံကျွမ်းကျင်-၂ ဦးသန်းလွင်ဦးမှ “မိတ္တကဏ္ဍ ခင်ပွန်းကိုဆိုရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။
ထိုသို့ဖတ်ကြားပြီးနောက် အဆိုပါစာအုပ်ထဲမှ နှုတ်မှုပညာ၊ လက်မှုပညာသည် မိမိတို့၏ သက်မွေးဝမ်းကြောင်းမှု အတတ်ပညာဖြစ်ကြောင်းကဏ္ဍ၊ ကွမ်းမှာထုံးပါမှအရသာရှိသလို စားစရာမှာ ဆားပါမှအရသာရှိသော်လည်း စာမတတ်သူကဗျာစပ်လျှင် အဓိပ္ပါယ်မရှိ ဟူသည့်ကဏ္ဍများ၊ အိုးထိန်းသည်သည် အိုးကိုအချိုးအစားကျအောင် ရိုက်ပေးခြင်းသည် ကွဲစေလို၍မဟုတ်၊ ဆရာသည် တပည့်တို့ကို ပညာတိုးတက်စေရန် ရိုက်သည် စသည့်ကဏ္ဍ အသီးသီးတို့အား တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး