တောင်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

တောင်သာ ဇန်နဝါရီ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ  အိုမီခရွန်  ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စဉ်ဆက်မပျက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှိုးဆော်ချက်များတွင်  တောင်သာမြို့နယ်အတွင်းရှိ  ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာပါက  ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြရန်၊ လူစုလူဝေးများကို ရှောင်ရှားကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍  မပျက်မကွက် ဆေးကုသမှု ခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ အသိပညာပေး

လမ်းညွှန်အချက်များကိုပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန် စသည့်အချက်များအား Hand Speaker ဖြင့်လိုက်လံအသိပေးနှိုးဆော်ခြင်းများကိုစဉ် ဆက်မပျက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)