ရန်ကင်း ဇန်နဝါရီ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ရပ်ကွက်နှင့် အတွင်းလိုက်လံ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် ကံဘဲ့ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ တိုင်းရင်းသားပြည်သူများအား မှတ်ပုံတင်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက် ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်နှင့် တိုက်နယ်တာဝန်ခံ လဝကမှူး ဒေါ်ဝေမာ၊ လဝကမှူး ဒေါ်ကြည်ဝင်းတို့က ပန်းခင်းစီမံချက်ဖြင့် ရန်ကင်းမြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ပြီး မှတ်ပုံတင်ကတ် (၁၅)ကတ်အား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ သည်။ ထို့အပြင် အသစ်လာရောက် လျှောက်ထားသူ (၁၂)ဦး အသစ်ထပ်မံပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး လဝက မြို့နယ်ဦးစီးမှူးရုံးတွင်လည်း နေ့စဉ်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)