ဟိုပုံးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းကျန်ရှိမှုမရှိရေး ကွင်းဆင်းဆောင်ရွက်

ဟိုပုံး      ဩဂုတ် ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ ဟိုပုံးမြို့နယ်တွင်  ၂၀၂၀ ပြည့် နှစ်၊ နိုဝင်ဘာ လ  ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး၊ မှန်ကန်သော မဲဆန္ဒရှင်စာရင်းများပြုစုရေး၊ မဲဆန္ဒရှင်များကျန်ရှိမှု မရှိစေရေးအတွက်  တစ်အိမ်တက်၊ တစ်အိမ်ဆင်းစနစ်ဖြင့် လုံခုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ()ရွာသို့   မြေပြင် ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသဦးစီးအဖွဲ့အတွင်းရေးမှူး ဦးအောင်လွင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်း၊  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အဖွဲ့ဝင်များ၊  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းတို့က ဆန္ဒမဲစာရင်းပါအချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲစာရင်းတွင် ပါ၊ မပါ စစ်ဆေးခြင်း၊ မဲစာရင်းတွင် ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး၊ မဲစာရင်းတွင် အမည် မပါဝင်သူများလျှောက်ထားနိုင်ရေး၊ မပါဝင်သင့်သည့် အမည်စာရင်းများပါဝင်နေပါက ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်မှားယွင်းမှုများ ရှိပါက ပြင်ဆင်လျှောက်ထားနိုင်ရေးတို့ကို တစ်အိမ်တက်ဆင်း သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများ နှင့် တိုက်ဆိုင် စစ်ဆေးမှု များ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

 

ဟိုပုံးမြို့နယ်၌ မဲဆန္ဒရှင်စာရင်း မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများကို ဩဂုတ် ၁၉ ရက်နေ့မှ စ၍  တစ်အိမ်တက်၊ တစ်အိမ်ဆင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊  ပထမအကြိမ် ကပ်ထား ကြေညာ သည့် မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်ဦးရေ၇၈၁၄၆ ဦး၊ လျာထားမဲရုံ အရေအတွက်၈၀ရုံရှိပြီး မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ ၁၂၇၅၉ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင် အဖွဲ့ခွဲရုံး မှ သိရသည်။

နေမင်းထွန်း(ဟိုပုံး)