နောင်ချို ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းသို့ ယမန်နေ့ နံနက်ပိုင်း တွင် အလှူငွေနှင့် လက်အိတ်များကိုအလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း ထံမှ သိရသည်။
လှုဒါန်းရာတွင် နောင်ချိုမြို့နယ် ကျောက်ဂူတောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ အရှင်ခေမာစာရက အလှူငွေ ၈၀၀၀၀/ (ကျပ် ရှစ်သောင်း)၊ နောင်ချိုမြို့စေတနာမွန်လူမှုကူညီရေးအသင်းမှ လက်အိတ် (၄၀၀)ခုတို့ကို လှူဒါန်းခဲ့ကြရာ သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတလူမှုကူညီရေအသင်း ကုသရေးစင်တာတွင်ပိုးတွေ့ လူနာများ၏ ကျန်းမာရေး ကိစ္စများကို ဆရာတော်နှင့် အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့၏အနီးကပ်ကြီးကြပ်မှု အတိုင်ပင်ခံသမားတော်(၁)ဦး၊ ဆရာဝန်(၁)ဦး၊ သူနာပြု (၄) ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေး လျက်ရှိကြောင်း၊လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများအခမဲ့ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင်လို အပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင် အခြားကျန်းမာရေးကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းထံမှသိရသည်။
ထွေးငယ်၊ နောင်ချို