ကြည်မြင်တိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများလက်ဝယ်အရောက်ပေးအပ်

ကြည်မြင်တိုင် ဇန်နဝါရီ ၁၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်(၉) နာရီက ဘလုပ်ညွှန့်ရပ်ကွက်၊ အေးရွာအစက်ကလေး၊ ခါတော်မီ ကျောင်းတိုက်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး အိမ်ထောင်စုလူဦးရေစာရင်း(၅၂)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁၂)ကတ်အား အနောက်ပိုင်းခရိုင် ဦးစီးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇော်နှင့် တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခြင်းခဲ့ ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်၊ အသစ်လဲလှယ် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ဆောင်ရွက်ပေးခြင်း၊  လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို  ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်