မိုင်းငေါ့ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်ခန့် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုင်းငေါ့မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကျောင်းသား/သူလေးများအား နေ့ထူးနေ့မြတ်နေ့ရက်များ ကိုအစဉ်အမြဲ သတိရစေရန်၊ ပြည်ထောင်စုနေ့ဖြစ် ပေါ်လာပုံကို သိရှိလာစေရန် ရည်ရွယ်၍ ယခုလို ဟောပြောပွဲများကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြင့်က ပြည်ထောင်စုစိတ်ဓါတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းပြ ဆရာမ ဒေါ်နန်းထွေးလင်းကြည်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း စသည့် ခေါင်းစဉ်များဖြင့် ဟောပြောပေးခဲ့သည်။
ထို့နောက် ဟောပြောပွဲ ကိုတက်ရောက်လာကြသော ကျောင်းသား/သူလေး များက သိရှိလိုသည်များကို မေးမြန်းခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မိုင်းငေါ့မြို့အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား /သူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)