ညောင်ရွှေမြို့၌ (MCCT)အစီအစဉ်တွင် အကျိုးခံစားသူ ကိုယ်ဝန်ဆောင်မိခင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ညောင်ရွှေ ဇန်နဝါရီ ၁၇

လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသည့် ရှမ်းပြည်နယ် (MCCT)အစီအစဉ်တွင် အကျိုးခံစားသူ (ကိုယ်ဝန်ဆောင်မိခင်)စာရင်း ကောက်ယူနိုင်ရေးအတွက် ညောင်ရွှေ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပို့ချခြင်းကို ဇန်နဝါရီ(၁၇)ရက် နံနက်(၁၀)နာရီက ညောင်ရွှေ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးက အမှာစကားပြောကြားပြီးနောက် မြိုနယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ဇင်မာကြည်က သင်တန်းတက်ရောက်လာ သူများအား မိမိတို့အုပ်စုအလိုက် ကိုယ်ဝန်ဆောင်မိခင်များစာရင်း ကွင်းဆင်းကောက်ယူရာတွင် ဆောင်ရွက် ရမည့် နည်းလမ်းများ၊ ဖြည့်သွင်းရမည့်ပုံစံများနှင့် အချက်အလက်များ၊ စာရင်းဇယားများကို အသေးစိတ်ရှင်း လင်းပို့ချပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ