နမ့်ခမ်း ဇန်နဝါရီ ၁၇
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများ အသိပညာပေး နံရံကပ် စာစောင်များကို မြို့နယ်ရုံး၌ ပြသခဲ့ကြောင်း သိရသည်။
အသိပညာပေး နံရံကပ်စာစောင်ပြသရာတွင် ဆောင်းရာသီနှင့် နွေရာသီကာလတွင် ချောင်းရေ၊ မြစ်ရေများ ခန်းခြောက်လာသည့်အတွက် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ သုံးစွဲနိုင်ရေးကို လုပ်ငန်းများ ဆောင်ရွက်သည့်နေရာများတွင် မလိုအပ်သည့် မီးများ ဖွင့်ထားခြင်း မပြုရန်၊ အိမ်သုံးမီးဖြစ်သည့် ဧည့်ခန်း၊ မီးဖိုချောင်ခန်း၊ ရေချိုးခန်း၊ ပန်ကာနှင့် အဲယားကွန်းမီးများ မလိုအပ်ဘဲ ဖွင့်ထားခြင်း မပြုရန်၊ လမ်းမီးများ အချိန်လွန် ဖွင့်ထားခြင်း မပြုရန်နှင့် မီးအားသက်သာစေရန်အတွက် Energy Save Lamp မီးလုံး၊ မီးချောင်းများအစား LED မီးလုံး၊ မီးချောင်များ ရွေးချယ်အသုံးပြုသင့်ကြောင်းနှင့် လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲရေး နည်းလမ်းများအား အသိပညာပေး နံရံကပ်စာစောင်တွင် ပြသခဲ့သည်။
အသိပညာပေး နံရံကပ်စာစောင်တွင် ပါဝင်သည့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး နည်းလမ်းများအား ပြည်သူများ သိရှိလိုက်နာနိုင်ရန် မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)