တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ညောင်ရွှေ      ဇန်နဝါရီ        ၁

ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် ကယားပြည်နယ်မှ တိုက်ပွဲရှောင် အိမ်ထောင်စုများသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးညီညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်တပ်ဖွဲ့ အထောက်အကူပြု အရာရှိ ဦးအောင်ကျော်မျိုးနှင့် မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါ်နီနီဝင်းတို့က စောင်၊ ခြင်ထောင်၊ ဖျာ၊ တာပေါ်လင်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများတို့ကို တိုက်ပွဲရှောင် အိမ်ထောင်စု ၁၀၄ စုသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်