ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်မှုများ ဆောင်ရွက်

ချောင်းဆုံ   ဇန်နဝါရီ  ၁၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း က ကုလားတို့ ကျေးရွာတွင် (ဗီဇပြောင်း) အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင် ကြရန်၊ မဖြစ်မနေ အပြင်ထွက်ခွာပါက နှာခေါင်းစည်း (Mask)ကို သေချာစွာတပ်ဆင်ကြရန်၊ လက်ကို သေချာစွာ ဆေးကြောကြရန်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာရမည့် စည်းကမ်းများကို မဖြစ်မနေလိုက်နာကြရန်၊ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးပါက သက်ဆိုင်ရာဌာန၊ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးတို့ထံ စာရင်းပေးသွင်းပြီး အမြန်ဆုံး ကာကွယ်ဆေးထိုးနှံကြရန်၊ ကိုဗစ် -၁၉ ရောဂါ လက္ခဏာတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆေးကုသမှုခံယူကြရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)