လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ဇန်နဝါရီလ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ယမန်နေ့နံနက် (၉)နာရီ အချိန်ကစတင်၍ အမှတ်(၁၆)ရပ်ကွက်၊‌ အောင်ချမ်းသာဓမ္မရုံ၌ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးကိုကိုနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက် အရ အမှတ်(၁)ရပ်ကွက် အောင်ချမ်းသာဓမ္မရုံသို့သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား များအား ပြုလုပ်ပေးခြင်းဖြစ်ကာ မြို့နယ်ဦးစီးအရာရှိက ပန်းခင်းစီမံချက် ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး၊ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး၍ အိမ်ထောင်စုလူဦးရေစာရင်း()စုနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြား(၅၈)ခု ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်မြို့နယ်အုပ်ချုပ်‌ ရေးမှူးတို့မှလက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက်ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက် မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

ဝေဝေ(ပြန်/ဆက်)