ညောင်ရွှေ ဇန်နဝါရီ ၁၇
စာအုပ်စာပေကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေတန်ဖိုးသိရှိနားလည်နိုင်စေရန်၊ စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုရရှိကြစေရန်၊ အချိန်ကို အကျိုးရှိစွာ သုံးချတတ် စေရန်နှင့် စာအုပ်စာပေနှင့်ရင်းနှီးမှုရှိစေ ရန်ရည်ရွယ်၍ စာအုပ်စာပေပြပွဲပြသခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရုံးချုပ်) မှ ဦးစီးကျင်းပသည့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အထက(၁)ညောင်ရွှေမှ GRATE-6 ကျောင်းသူ မကြယ်စင်သော်အား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အထက(၁)ညောင်ရွှေ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းဝင်းက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ဦးစီးမှူး ဦးနေမျိုး သူရိန်က ဂုဏ်ပြုပွဲပြုလုပ်ပေးရခြင်းနှင့် စာအုပ်စာပေပြပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ဦးစီးမှူးက ပုံပြင်ပြော ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကျောင်းသူ မကြယ်စင်သော် အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ပြီး မကြယ်စင်သော်က ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို လေ့လာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ