ကလော ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ကလောမြို့နယ်၊အောင်ပန်းမြို့ရှိပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမြို့နယ်တာဝန်ခံရုံးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေး ဌာနခွဲ တာဝန်ခံနှင့် ရှမ်းပြည်နယ်အတွင်း ပျားမွေးမြူသူပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူး ဦးသွင်ခန်း လမ်း က ပျားလုပ်ငန်းနှင့်ပတ်သတ်၍အမှာစကားပြောကြားပြီး ကလော မြို့နယ်တာဝန်ခံ ဦးကျော်လင်း က ပျားမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် စည်းမျဉ်း စည်းကမ်းနဲ့စနစ်တကျ မွေးမြူကြရန်၊ သက်ဆိုင်ရာ မြို့နယ်များတွင်လည်းသတင်းပို့စနစ်ဖြင့်ပျားအုံများကိုရွှေ့ပြောင်းမွေးမြူကြစေလိုကြောင်း၊ ပျားမွေးမြူသူ အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ဗာရိုဝါဂျက်ကော့ဆိုနီ ကပ်ပါးမွှားရောဂါကို ပျားအုံများ ပျက်စီး ဆုံးရှုံးမှုမရှိစေပဲထိမ်းချုပ်နိုင်ခဲ့သည်မှာ လက်တွေ့ပင်ဖြစ်ကြောင်း နှင့် ပျားရည်ထုတ်ယူ ရာတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးလက်ကမ်း စာစောင်များကိုလဲအခမဲ့ဖြန့်ဝေပေးပြီး လိုက်နာ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက် ရောက်ခဲ့ပြီး မိမိတို့ပျားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းအခြေအနေများ၊ အခက်အခဲများနှင့် သိရှိလိုသည် များကို မေးမြန်းတင်ပြဆွေးနွေးခဲ့ရာ ကလောမြို့နယ် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ တာဝန်ခံ က ပြန်လည်ဆွေးနွေး ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)