မြောက်ဦး ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နေ့လည် ၁၂ နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးတင်ဝင်း က စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စစ်တုရင် ကစားနည်းကိုစနစ်တကျ ယှဉ်ပြိုင်ကစားတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု၊ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့နောက် စာကြည့်တိုက်နှင့်လည်း ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိ လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ စစ်တုရင်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ ၁၅ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအ သီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်စိုး