မိုင်းရှူးမြို့စည်ပင်သာယာစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ

 မိုင်းရှူး     ဇန်နဝါရီ      ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာ ယာရေးဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာ ပေးဟော ပြောခြင်းနှင့်လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင်မြို့နယ်မီးသတဦးစီးမှူး ဦးဝင်းဇင်ဖြိုးမှ အရေးပေါ်မီး လောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်နည်းစနစ်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများနှင့်မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဈေးသူ/ဈေးသားများ သိရှိနိုင်စေရန် အသေး စိတ် ရှင်းလင်းဟောပြောခဲ့သည်။

ယင်းနောက် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆက်လက်ဆောင်ရွက်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး​ဇော်နီချစ်၊ မြို့နယ်စည်ပင်သာ ယာရေးဌာနမှ အမှုဆောင် အရာရှိဦးဉာဏ်ထွန်းနှင့် စျေးသူ/စျေးသားများ အား မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သော တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြိမ်းသတ် ခြင်းများ လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။