မိုင်းပျဉ်း ဇန်နဝါရီ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ၏ ဗီဇပြောင်းမျိုးကွဲတစ်မျိုး ဖြစ်သည့် (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာနေရန်၊ ပြင်ပ ဧည့်သည်များအား အိမ်တွင်လက်မခံကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာမှ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်နှင့်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူကြပါရန်နှင့်၊ ကာကွယ်ဆေးများကိုလည်း မပျက်မကွက် သွားရောက် ထိုးနှံကြပါရန် စသည့်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် အသိပညာပေး နှိုးဆော် ခြင်း လုပ်ငန်းများကို လူစည်ကားရာ နေရာများတွင်သာမက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များသို့လည်း ကွင်းဆင်း၍ အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)