ဇေယျာသီရိ ဇန်နဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို စည်ပင်ကြီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်က အမှာစကားပြောကြား ရာတွင် ဇေယျာသီရိမြို့နယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် စီမံချက်အရ ယခုအချိန်မှာ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ပြည်သူများအနေဖြင့် မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည့်ပြည့်ဝဝ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံသားကတ်ပြား၏ တန်ဖိုး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်မှသာ နိုင်ငံသားအခွင့်အရေးကို ပြည့်ပြည့်ဝဝ ရရှိမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ညွန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၁၃ ကတ်ကို စည်ပင်ကြီးကျေးရွာ အုပ်စုမှ ပြည်သူများထံပေးအပ်ခဲ့သည်။
အခမ်းအနားသို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန် ကြားရေးမှူး ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းလွင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)