တောင်ကြီးမြို့ မြို့မစျေး၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

တောင်ကြီး  ဇန်နဝါရီ  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ တောင်ကြီးမြို့ မြို့မစျေးအတွင်း၌ ကျင်းပခဲ့သည်။

လက်တွေ့သရုပ်ပြလေ့ကျင့်ရာသို့ ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်မှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးဦးနေလင်း တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးလှမင်း၏ ကွပ်ကဲမှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မစျေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်စက်၊ မီးသတ်ပိုက်များဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ် လေ့ကျင့်ခြင်း၊ မြို့မစျေးရှိ စျေးသူ၊ စျေးသားများက မီးသတ်ဗူးဖြင့် လက်တွေ့သရုပ်ပြ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်