ဟိုပုံး ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးထက်အောင် ဟောပြောဆွေးနွေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ သမိုင်းများ၊ မူဝါဒများ၊ ရေရှည် မျှော်မှန်းချက်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉပဒေ ပြဌာန်းချက်များကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးဥပဒေပါ ရေဝေရေလဲဒေသများ ပြဌာန်းချက်များကို လည်းကောင်း၊ မီးခိုးမြူငွေကြောင့် ဖြစ်ပေါ်စေသောဆိုးကျိုးများ၊ မီးခိုးမြူငွေ့ဖြစ်ပွားနေချိန်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက် များ၊ ပလက်စတစ်စွန့်ပစ် ပစ္စည်းများ၏ဆိုးကျိုးများ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ထွန်းက သိရှိလိုသည် များကို မေးမြန်းရာ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးထက်အောင် ပြန်လည် ဖြေကြားပြီးနောက် တက်ရောက် လာသည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနများက မြစ်ချောင်းနှင့် အဏ္ဏဝါစွန့်ပစ်ပစ္စည်း လျှော့ချရေးနှင့် ပလက်စတစ် ကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ ထိန်းချုပ် ကာကွယ်ရေးနှင့် နိုင်ငံအတွင်း မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ် လက်ကမ်းစာစောင်များဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)