အမ်း ဇန်နဝါရီလ ၁၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အရည် အချင်းမြှင့်မားစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကျင့်သုံးသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ ဆွေးနွေးပို့ချခြင်းကို ယနေ့နေ့လည် (၁) နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါဆွေးနွေးပို့ချရာတွင် အမ်းမြို့မ စခန်းမှူး ဒုရဲမှူးမျိုးကြည်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (တက)မောင်မောင်တို့က ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ၂၀၂၀ ပြည့်နှစ် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေ အကြောင်းအရာများ၊ မော်တော်ဆိုင်ကယ်စီးလျှင် သတ်မှတ်ထားသော စံချိန်စံညွှန်း ကိုက်ညီသည့်ဆိုင်ကယ်စီးဦးထုတ်ဆောင်း၍ မေးသိုင်းကြိုးသေချာစွာ တပ်ဆင်ရမည်၊ ရှေ့မီးကြီး၊ အချက်ပြမီး၊ ဘရိတ်မီးကောင်းမွန်ရမည်၊ ယာဉ်ကြောပြောင်းပြန်မစီးရ၊ လမ်း၏ ယာအစွန်းများမှစီးနှင်းရမည်၊ နှစ်ဦးထက်ပိုမစီးရ၊ လက်ကိုင်ကိုလက်နှစ်ဘက်ဖြင့် သေချာစွာကိုင်၍ စီးနှင်းရမည် စသည့် မော်တော်ဆိုင်ကယ်စီးလျှင် လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပို့ချခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သန်းဌေး က မီးသတ်ဦးစီးဌာန ဥပဒေများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး အကြာင်းအရာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း