တံတားဦး ဇန်နဝါရီ ၁၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တားဆီးကာကွယ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပတယ် -
ကျွန်တော့်အမည်က ကိုသန်းနိုင်ဦးဖြစ်ပါတယ် ၊ အမှတ်(၁)ရပ်ကွက် သာဂေါင်ရပ်မှာ နေထိုင်ပါတယ် ၊ အသက်ကတော့ (၃၃)နှစ်ရှိပါပြီ ၊ အလုပ်အကိုင်ကတော့ အရောင်းအဝယ်ပါ ။
ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတုန်းကအန္တရာယ်ရှိတယ်လို့ ပြောနေကြတဲ့အတွက် မထိုးရဲလို့ မထိုးခဲ့ပါဘူး ၊ နောက်ပိုင်း ရောဂါကူးစက်မှုတွေ အရမ်းများလာပြီး သေဆုံးသူတွေရှိလာတဲ့ အတွက် ကြောင့် ကျွန်တော် ကြောက်လာမိတယ် ၊ ပြီးတော့ ကျွန်တော်က အရောင်းအဝယ်လုပ်တာ လူအများနဲ့ ထိတွေ့ဆက်ဆံရတာများတဲ့အတွက် ကာကွယ်ဆေးထိုးနှံပြီး ရောဂါကာကွယ်မှ ဖြစ်မယ်ဆိုတဲ့အတွေး နဲ့ ယနေ့လာရောက်ထိုးနှံမှု ခံယူတာဖြစ်ပါတယ် ၊ ကာကွယ်ဆေးထိုးနှံပေးတာ လက်မောင်းတော့ နည်းနည်း အောင့်တာလောက်ပါပဲ ကျန်တာ ထွေထွေထူးထူး မခံစားရပါဘူး ၊ ကာကွယ်ဆေးထိုးနှံ ပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဆေးထိုးပြီးရင် နေထိုင်စားသောက်ရမယ့် အကြောင်းတွေကို ရှင်းပြပေးပါတယ် ၊ ပြီးတော့ ပါရာဆီတမော့လ် ဆေးလည်းပေးပါတယ်၊ ဒုတိယအကြိမ်ကိုတော့ ဖေဖော်ဝါရီလမှ ထပ်မံထိုးနှံမှုခံယူမှာဖြစ်ပါတယ် ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ကျွန်တော်တို့ အရောင်းအဝယ်လုပ်သူနေတွေသာမက ပြည်သူများ အားလုံးက လိုက်နာဆောင် ရွက်ကြဖို့လည်းလိုပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်အောင် ကူညီဆောင်ရွက်ပေး တဲ့သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်၊ ကာကွယ်ဆေးမထိုးနှံရသေး တဲ့သူများရှိရင်လည်း မဖြစ်မနေ လာရောက်ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ် ။
အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် အစ်ကို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
ရဲတင့်(တံတားဦး)