ကျိုက်မရော၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကျိုက်မရော  ဇန်နဝါရီ ၁၇

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး က စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များမှ ပြည်ထောင်စုနေ့နှင့် ပတ်သက်သော အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် သုတေသီ၊ မြင့်ထွန်းရေးသားသော ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝစာပေနှင့် သမိုင်းဝင်အဆို အမိန့်များ စာအုပ်မှ အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များ၊ Women Club အဖွဲမှ အဖွဲ့ဝင်များ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ကြသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)