လမိုင်းမြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျောင်းသား၊ ကျောင်းသူများ ပုံပြောပြခြင်းနှင့် ကဗျာရွတ်ဆိုခြင်းပြိုင်ပွဲများ ဆောင်ရွက်

လမိုင်း ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အတွေးအခေါ် စွမ်းရည်မြင့်မားလာစေရန်၊ စုပေါင်းယှဉ်တတ်သည့် စိတ်ဓာတ်များ ဖြစ်ပေါ် လာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ပုံပြင်ပြောခြင်းနှင့် ကဗျာရွတ်ဆိုခြင်း ပြိုင်ပွဲများကို ယနေ့ မွန်းတည့် ၁၂နာရီခွဲက ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  လုပ်ငန်းတွင်  စာထောက်-၃ ဒေါ်သီတာအောင်က ကလေးသူငယ်များ အနေဖြင့်   စာဖတ်ခြင်းဖြင့်  အသိပညာ ဗဟုတတိုးပွား လာစေရန်၊ စာကြည့်တိုက်ကို လာရောက် အသုံးပြုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား သားသမီးတွေကို ကာကွယ်ပေးတဲ့ လိပ်မေမေပုံပြင် ပြောပြပေးခြင်း၊ ကဗျာရွတ်ဆိုခြင်း ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ဖြူဖြူအေး(ပြန်/ဆက်)