သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက် ၈၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်

သာစည် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ထိ ပန်းခင်းစီမံချက် ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်   ပန်းခင်းစီမံချက်ကို  ၂၀၂၁  ခုနှစ် မေ ၃ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး    ပန်းခင်းစီမံချက်လျာထားချက်ကို     သတ်မှတ်ကာလထက် ဆောလျင်စွာ    ပြီးမြောက်နိုင်ရန်    ယခုနှစ်ဇန်နဝါရီ   ၁   ရက်မှ စ၍ door to door  တစ်အိမ်ဝင်တစ်အိမ်ထွက်စနစ်ဖြင့် ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရပြီးယမန်နေ့က  ကျွဲတပ်ဆုံကျေးရွာ၊  သူဌေးကုန်းကျေး ရွာ၊  ပြည်ညောင်ကျေးရွာနှင့်  မုံပင်အုတ်ကျင်း  ကျေးရွာများ၌ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၆ နှစ်နှင့် ၁၈ နှစ်ကြား နိုင်၃(က) ၂၄ ဦး၊အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်၆(က)  ၉၂ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ပေးရန်  လျာထားဦးရေ  ၁၁၉၅၆  ဦးရှိရာ ယမန်နေ့ကအထိဆောင်ရွက်ပြီးဦးရေ  ၁၀၁၆၃  ဦး ရာခိုင်နှုန်းအားဖြင့် ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်ထံက သိရသည်။                                   

မြို့နယ်(ပြန်/ဆက်)