စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါကာကွယ်ရေး နည်းလမ်းများအား လိုက်လံအသိပေးနှိုးဆော်

စဉ့်ကိုင် ဇန်နဝါရီ  ၁၇

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ  Omicron (အိုမီခရွန်)ရောဂါ  ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ပင်းချားကျေးရွာအုပ်စုတွင် ယနေ့ မွန်းလွဲ(၂)နာရီက  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက BT Spaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အသိပညာပေး   နှိုးဆော်ရာတွင်    ပြည်သူလူထုအနေဖြင့်  ကိုဗစ်-၁၉    ရောဂါ     ကူးစက်ပြန့်နှံမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉   ရောဂါကာကွယ်ရေး ည်းလမ်းများအား တိကျစွာလိုက်နာကြရန်နှင့် နေအိမ်ပြင်ပထွက်ခွာလျှင် ပါးစပ်နှင့် နှားခေါင်းစည်းMask ကို စနစ်တကျတပ်ဆင်ကြရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် Mask မတပ်သူနှင့်အတူ တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းများမှ  ရှောင်ကြဉ်ရန် အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း   လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောရန် ၊လူစုလူဝေးရှောင်ရှား ကြရန် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို အထူးဂရုပြုထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါဆိုင်ရာ သတင်းအချက်လက်များကို မိဘပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့်   သိရှိလိုက်နာစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက အရှိန် အဟုန်မြင့် အသိပေးလှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း