ကျိုင်းတောင်းမြို့အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကျိုင်းတောင်း ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့အတွင်း ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား ယနေ့နံနက်၁၀ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုရက်ပိုင်းအတွင်း နိုင်ငံအရေအတွက်ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်၍ ကာကွယ်တားဆီးကာကွယ်ရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် ကိုဗစ် - ၁၉ မျိုးရိုးဗီဇ ပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးသည် မိမိနိုင်ငံတွင် စတင်တွေ့ရှိလာသည့် အတွက် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ကြရန်၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက်တိုင်း Mask ကိုစနစ်တကျတပ်ဆင်ခြင်း၊ လက်ကို စနစ်တကျမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးသွားကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)