နွားထိုးကြီးမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်‌ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်း အသိပညာပေးဟောပြောပွဲကျင်းပ

နွားထိုးကြီး  ဇန်နဝါရီ  ၁၇

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လူဝင်မှုပြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများထုတ်ပေးခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်ပန်းကုန်းကျေးရွာအုပ်စု၊ မန်ကျီးကန်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်းနိုင်က ပန်းခင်းစီမံချက်ဆိုင်ရာများအကြောင်းကို ကျေးလက်နေ ပြည်သူများသိရှိ နိုင်ရေး အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

တက်ရောက်လာသော ပြည်သူများမှ သိရှိသည်များကို မေးမြန်းခဲ့ရာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ပြန်လည်ရှင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်