ရမည်းသင်း ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ(၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ ဆောင်ရွက်နိုင်ရေးအစီအစဉ်ကို ရှင်းလင်းပြောကြားပြီး ပျော်ဘွယ်မြို့နယ် ဦးစီးမှူးဒေါ်စန်းစန်းကြူက အလယ်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပရန် ညှိုနိုင်းဆောင်ရွက်ထားခြင်းကို ရှင်းလင်းပြောကြားကာ ရမည်သင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်နှင်းယုအေးမှ မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ မိမိရုံး လူထုအခြေပြု ဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပမည့် လုပ်ငန်းစီမံချက်ကို ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဝန်ထမ်းတစ်ဦချင်း လုပ်ငန်းတာဝန်များနှင့် ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားစေရန် လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ကြိုးစား ဆောင်ရွက်ရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)