ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး အကြောင်းအရာများ မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြသ‌ဆောင်ရွက်ထား

ချမ်းအေးသာစံ   ဇန်နဝါရီ ၁၇

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသ‌ဆောင်ရွက်ထားကြောင်း သိရ သည်။

ယင်းမြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍  ဗီဇပြောင်းမျိုးကွဲသစ် ဖြစ်သည့်   အိုမီခရွန် (Omicron)  ကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ၊ အိုမီခရွန် (Omicron) ၏ ထူးခြားချက်များဖြစ်သည့် ရောဂါကူးစက်မြန်ခြင်း၊ ကိုဗစ်ရောဂါ ကူးစက်ခံရသူများကို ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးများ၏ ထိရောက်မှုနှုန်းကို လျော့ကျနိုင်ခြင်း၊ အိုမီခရွန် (omicron)သည် ကလေးများနှင့် အသက် ၃၀ အောက် လူငယ်များကို ပိုမိုကူးစက်နိုင်ခြင်း၊ ရောဂါလက္ခဏာ မပြင်းထန်ခြင်း စသည့်အကြောင်းအရာများ၊ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း မျိုးကွဲ ဆိုင်ရာ အမေးအဖြေများ စသည့် အသိပညာပေး အကြောင်းအရာများ ပါဝင်ပြီး ဒေသခံပြည်သူများက လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ထိပ်ထားနိုင် ( ပြန်/ဆက် )