မန္တလေး ဇန်နဝါရီ ၁၇
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အသင်းတို့ ပူးပေါင်း၍ ကော်ဖီမစ်အိတ်ခွံများဖြင့် အိမ်တွင်းအလှဆင်မှု လက်မှု ပညာသင်တန်းကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက်၁၀နာရီက ကျင်းပပြုလုပ်သည်။
မိမိတို့အိမ်အတွင်းရှိ စွန့်ပစ်ပစ္စည်းများဖြစ်သော ကော်ဖီမစ်အိတ်ခွံများဖြင့် အိတ်အမျိုးမျိုး၊ တစ်ရှူး ဘောက်၊ ဖျာ၊ ကုလားထိုင်စွပ်များဖြင့် အလှဆင်သည့်လက်မှုပညာကို သင်ယူရရှိခြင်းဖြင့် မိမိတို့အိမ်တွင်း ငွေကုန်ကြေးကျသက်သာစွာဖြင့် အလှဆင်နိုင်ရန်ရည်ရွယ်ပြီး သင်ကြားပေးခြင်းဖြစ်ကြောင်း သင်တန်းဆရာမ မသက်ဝေဖူးက ရှင်းလင်းဆွေးနွေးပြီး အလားတူသင်တန်းများ ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
အဆိုပါသင်တန်းသို့ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် Women Club အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)