မိတ္ထီလာတွင် ကျေးရွာအုပ်စုများ ၇ စုမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Covidshield) များထိုးနှံပေး

မိတ္ထီလာ ဇန်နဝါရီ ၁၇

 မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၇ စုတွင်နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ရှိနေသောဒေသခံပြည်သူများအား ယနေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Covidshield)များ ပထမအကြိမ် ထိုးနှံပေး ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covidshield)များ ပထမအကြိမ် ထိုးနှံပေးရာတွင် ကန်သာကျေးရွာအုပ်စုတွင် ၅ဝ၆ ဦးအား စက်မှုဇုန်ခန်းမ​၌လည်းကောင်း၊ ဇောင်ချမ်းကုန်ကျေးရွာ အုပ်စုတွင် ၅ဝ၆ ဦးအား ဇောင်ချမ်းကုန်းကျေးရွာဓမ္မာရုံတွင် လည်းကောင်း၊ တောမကျေးရွာအုပ်စု တွင် ၃၂၅ ဦးအား ဈေးကုန်းကျောင်း ဓမ္မာရုံတွင်လည်းကောင်း ၊ ရွှေပန်းတိုင်ကျေးရွာအုပ်စုတွင် ၁၅၄ ဦးအား ရွှေပန်းတိုင်ကျေးရွာ ဓမ္မာရုံတွင်လည်းကောင်း၊ ညောင်ဇောက်အုပ်စုတွင် ၂၆၄ ဦးအား ညောင်ဇောက်ကျေးရွာ ဓမ္မာရုံတွင်လည်းကောင်း၊ ကဖြူကျေးရွာအုပ်စုတွင် ၃ဝ၈ ဦးအား ကဖြူ ကျေးရွာဓမ္မာရုံတွင်လည်းကောင်း၊ သရက်ပင်ကျေးရွာအုပ်စုတွင် ၂၅၃ ဦးအား ဆပ်ပြာကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း ကာကွယ်ဆေးများထိုးနှံပေးသည်။ မိတ္ထီလာမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးခြင်းလုပ်ငန်းများကို  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်လမ်း ညွှန်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုမှတာဝန်ရှိသူများ၊   ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ