ကျောက်ဆည် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ စိုက်ဧကပေါင်း (၈၀၉၁)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ဆီထွက်သီနှံများ စိုက်ပျိုးရာတွင် မြေပဲသီးနှံကို တိုက်နယ်(၁)တွင်(၃၀)ဧက၊ တိုက်နယ်(၂)တွင် (၈၀)ဧက၊ တိုက်နယ်(၆)တွင် (၅)ဧက၊ တိုက်နယ်(၁၁)တွင်(၂၀)ဧက၊ တိုက်နယ်(၁၂)တွင်(၁၆၇)ဧက၊ နှမ်းသီးနှံကို တိုက်နယ် (၆)တွင်(၈၂)ဧက၊ တိုက်နယ်(၈) တွင်(၇၈၀)ဧက၊ တိုက်နယ်(၁၁)တွင် (၂၈၇) ဧက၊ တိုက်နယ်(၁၂)တွင်(၁၂၆၄) ဧက၊ နေကြာသီးနှံကို တိုက်နယ်(၁)တွင်(၆၄၇)ဧက၊ တိုက်နယ်(၂)တွင် (၃၆၇)ဧက၊ တိုက်နယ်(၄)တွင် (၃၂၀)ဧက၊ တိုက်နယ်(၅)တွင် (၃၀)ဧက၊ တိုက်နယ်(၆)တွင် (၁၅၀)ဧက၊ တိုက်နယ်(၈)တွင်(၁၈၃၆)ဧက၊ တိုက်နယ်(၉)တွင် (၁၅၂)ဧက၊ တိုက်နယ်(၁၀)တွင် (၆၀၀) ဧက၊ တိုက်နယ်(၁၁)တွင်(၄၄၆)ဧက၊ တိုက်နယ်(၁၂)တွင်(၈၁၉)ဧက စုစုပေါင်း(၈၀၉၁)ဧက စိုက်ပျိုးပြီးကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မြေပဲစိုက်ဧက(၂၉၇)ဧက၊ နှမ်းစိုက်ဧက(၅၁၃၅) ဧက၊ နေကြာစိုက်ဧက(၆၁၇၅)ဧက စုစုပေါင်း(၁၁၆၀၇) စိုက်ပျိုးရန်လျာထားခဲ့ပြီး ဆီထွက်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ စိုက်ကွင်းများသို့ ကွင်းဆင်း၍ နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)