တံတားဦးမြို့နယ်တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင်ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

တံတားဦး  ဇန်နဝါရီ  ၁၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် တစ်ပိုင်တစ်နိုင်ပြုလုပ်ရောင်းချလျက်ရှိသည့် ကွန်ကရစ်ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ တစ်ဦးထံမှသိရသည်။

“ကွန်ကရစ်ပစ္စည်းအနေနဲ့ အဓိကရောင်းအားကောင်းတာက ကွန်ကရစ်ကျောက်တိုင်နဲ့ ရေလှောင်ကန် များဖြစ်ကြောင်း၊ တစ်ခါတစ်ရံ ကျေးလက်ကုန်ထုတ်လမ်းများ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ရေပြွန်များ ဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ဘိလပ်မြေ၊ ကျောက်၊ သံချောင်းဈေးများ သိသိသာသာ ဈေးတက်ခဲ့ပါတယ်၊ ကုန်ကြမ်းဈေးတက်သော်လည်း ဝယ်လိုအားပေါ်မူတည်ပြီး ကုန်ပစ္စည်းဈေးက အနည်းငယ်သာ ပြောင်းလဲဈေးတက်ခဲ့ကြောင်း” ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ ဦးကံချွန်ထံမှ သိရသည်။

ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချလျက်ရှိသည့် ပစ္စည်းများမှာ ကွန်ကရစ်တိုင်၊ ရေလှောင်ကန်၊ ကွန်ကရစ်ပြွန်၊ ကျင်တွယ်ခုံအကြီးအသေးဆိုဒ်စုံ၊ နွားစားခွက်၊ မိလ္လာသုံးကျောက်ပြားနှင့် အော်ဒါမှာယူ သော ပစ္စည်းများ ဖြစ်ကြောင်း၊ ထိုပစ္စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ရဲတင့်(တံတားဦး)