ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်

ဘူးသီးတောင်  ဇန်နဝါရီ  ၁၇

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက  မြို့ပေါ်ရပ်ကွက်များအတွင်း လှည့် လည် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျ ဆင်းမှုရှိပြီး တခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့် အတွက်ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ရောဂါကူးစက်ခံရသည့်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆက်သွယ်ပြီး ဆေးကုသခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို တစ်နိုင်ငံ လုံးလွှမ်းခြုံမှုရှိစေရန် ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေပြည့်ဝစွာ ထိုးနှံကြပါရန် စသည့်အချက်များအား အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

လှကျော်( ပြန်/ ဆက်