မိုင်းငေါ့ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်က Sinovac အမျိုးအစား ကာကွယ်ဆေး အသက် (၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူ (၈၄)ဦး အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် Sinovac အမျိုးအစား ကာကွယ်ဆေးထိုးနှံသူ ကျောင်းသား(၃၉)ဦး၊ ကျောင်းသူ (၄၅)ဦး စုစုပေါင်း (၈၄) ဦး တို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာမှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်း ကျောက်စိမ်းခန်းမ၌ ထိုးနှံပေးခဲ့ပါသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း ၊သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေး စစ်ဆေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
မြင့်သွယ်