အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်

ရန်ကုန်   ဇန်နဝါရီ  ၁၇

 ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ် ဖြင့် လှည့်လည်ကာ နှိုးဆော်ခဲ့သည်။

နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများက ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်လာပါက နှာခေါင်းစည်းတပ်ဆင် ပြီး ထွက်ခွာရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာမှ နေကြရန်၊ပြင်ပဧည့်သည်များ လက်မခံရန်၊ မလိုလားအပ်ဘဲ ပြင်ပသို့ မထွက်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်၊ လေဝင်လေထွက် ကောင်းသော နေရာများတွင် နေထိုင်ရန်၊ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံကြရန်၊ သတ်မှတ်ထားသော နေရာများတွင် စနစ်တကျထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် အကြောင်း သိကောင်းစရာများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင် ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ် လှည့်လည်ကာ အသံချဲ့စက် ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို