မိုင်းစံမြို့တွင်ကြက်ခြေနီအသင်းရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်

မိုင်းစံ ဇန်နဝါရီ ၁၆

  ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့တွင် ယနေ့နံနက် (၉)နာရီအချိန်က မိုင်းရှူးမြို့နယ် မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကိုမိုင်းစံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင်ဖွင့်လှစ်ခဲ့သည်။

 ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းမှ အဖွင့်အမှာစကားပြောကြားပြီး မိုင်းရှူးမြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ် တပ်ဖွဲ့မှူးဦးစိုင်းစိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတက်ရောက်ကြသည့် ကြက်ခြေနီ လူငယ်များအား တပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်နည်းပြ(၄)ဦးတို့က ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ (၂)ရက်ဖြစ်ပြီး တက်ရောက်သည့်သင်တန်းသူ /သား ဦးရေမှာ  (၂၀) ဦးဖြစ်ကြောင်း သိရှိရသည်။

ခင်ချို(ပြန်/ဆက်)