ဟိုပန်၌ အသက်(၈၅)နှစ်အထက်အဘိုးအဘွားများအား လူမူရေးပင်စင်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်

ဟိုပန် ဇန်နဝါရီ ၁၆

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးကောင်းမွန်၍ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး  လူမူရေးပင်စင်ငွေနှင့် အာဟာရမုန့်များ ထောက်ပံ့ခြင်းကို ယမန်နေ့က  အိမ်တိုင်ရာအရောက် ကွင်းဆင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ထောက်ပ့ံပေးအပ်ရာတွင်  ဟိုပန်မြို့ပေါ်ရှိ မန်ကောင်းရပ်ကွက်နှင့် စျေးရပ်ကွက်များအတွင်းရှိ အသက် (၈၅) နှစ်အထက် အဘိုးအဘွား(၇)ဉီးတို့အား "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးနှင့် ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင် များက အာဟာရမုန့်အမျိုးမျိုးတို့ကိုလည်းကောင်း၊ ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ မြို့နယ်ဦးစီမှူး ဒေါ်မြကေခိုင်နှင့် ဝန်ထမ်းများက ၂၀၂၁-၂၀၂၂ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပထမသုံးလ ပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက်  လူမှုရေးပင်စင်ထောက်ပံ့ ကြေးငွေ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာ သုံးသောင်းကျပ်စီကိုလည်းကောင်း အိမ်တိုင်ရာအရောက် ကွင်းဆင်းထောက်ပ့ံပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်အတွင်းတွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားစုစုပေါင်း(၇၆)ဦးရှိရာ ၎င်းတို့အား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်‌ကျေးစာရေးများမှတစ်ဆင့်  ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)