မိုင်းရှူးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစု/ငွေချေး သမဝါယမအသင်းနှင့် ဂျီအီးစီ(ပညာရေး)ငွေစု/ငွေချေး သမဝါယမအသင်းတို့၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပပြုလုပ်

မိုင်းရှူး  ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစု/ ငွေချေးသမဝါယမအသင်းနှင့် ဂျီအီးစီ(ပညာရေး) ငွေစု/ငွေချေးသမဝါယမအသင်းတို့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်၁၀နာရီအချိန်က မိုင်းရှူး၊ အ.ထ.က (ခရေဆောင်ခန်းမ)၌  ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်မိုင်းရှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်၊ ပညာရေး(GEC)ဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းနှင့် ဝန်ထမ်းပေါင်းစုံ(GEC) ဥက္ကဌဒေါ်နန်းခင်ဖြူတို့က အမှာစကားပြောကြားပြီး အသင်းများ၏ စုဆောင်းငွေအများဆုံး စုဆောင်းသည့်အသင်းသား (၄၀)ဦးတို့ကို တာဝန်ရှိသူများက  ဆုချီးမြှင့်သည်။

ဆက်လက်၍ ဝန်ထမ်းပေါင်း စုံ(GEC) သမဝါယမအသင်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဒေါ်မြမြလွင်ကလည်းကောင်း၊ ပညာရေး(GEC) သမဝါယမအသင်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဒေါ်စိန်ဝါကလည်းကောင်း ဖတ်ကြားတင်ပြသည်။

ထို့နောက်၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် တင်ပြသည့် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ကန့်ကွက်ရန် ရှိ/မရှိ မေးမြန်းရာ ကန့်ကွက်သူမရှိသဖြင့် ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုပြီး အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးနှင့်အစုအပေါ် အမြတ်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)