ပျဉ်းမနားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်

ပျဉ်းမနား ဇန်နဝါရီ ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနား မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက် ပေးနေမှု အခြေအနေများ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများလိုက်နာရမည့် စည်းကမ်း ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်း အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/သူများ၊ နိုင်ငံ သားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးခြင်း၊ အိမ်‌ထောင်စုလူဦး‌ရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်သွင်းပေးခြင်း၊ သေစာရင်း ပယ်ဖျက်ခြင်းနှင့် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်‌ပေးလျက်ရှိရာ ကျီးအင်းကျေးရွာတွင်  နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၀) ကျော်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်နှင့်ကျေးရွာများကိုလည်း အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်းကျော် (ပြန်/ဆက်)