သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

သီပေါ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိ နေသော တိုက်ပွဲရှောင်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်မြို့ရပ်ကွက်ရှိ (၂၅၀၀) ကျောင်းတိုက် တိုက်ပွဲရှောင်စခန်းနှင့် ဘော်ကြိုကျေးရွာ၊ ဘော်ကြိုဘုရားကြီးဓမ္မာရုံ တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တောင်မြို့ ရပ်ကွက်ရှိ(၂၅၀၀)ကျောင်းတိုက် တိုက်ပွဲရှောင်စခန်းနှင့် ဘော်ကြိုကျေးရွာ၊ ဘော်ကြိုဘုရားကြီး ဓမ္မာရုံတိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိတိမ်းရှောင်လာသော တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း(၂၈၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေကျပ် (၆၀၆၉၀၀/-)ကျပ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် အဖွဲ့ဝင်များမှ သွားရောက်ထောက်ပံ့ပေးအပ်ရာ တိုက်ပွဲရှောင် စခန်းများရှိ တာဝန်ရှိသူများနှင့် တိုက်ပွဲရှောင် ပြည်သူများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ်တောင်မြို့ ရပ်ကွက်ရှိ (၂၅၀၀)ကျောင်းတိုက် တိုက်ပွဲရှောင်စခန်းနှင့် ဘော်ကြိုကျေးရွာ၊ ဘော်ကြိုဘုရားဓမ္မာရုံတိုက်ပွဲရှောင်စခန်းတို့တွင် ကျင်သီ၊ ပုံဖမ်း၊ တွန်ဆောက်၊ ကြံခင်း၊ တိန်းလုံ စသည့် ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း (၂၈၉)ဦး ရောက်ရှိ တိမ်းရှောင်နေထိုင်လျက်ရှိပြီး အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ၏  နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက  ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး (သီပေါ)